ရုဒေါ့ဖ် ဒီဇယ် Kk ZyGg 123Dét U Rr Zz

ဒေါက်တာ ရုဒေါ့ဖ် ဒီဇယ်
Diesel 1883.jpg
မွေးနေ့ ၁၈ မတ် ၁၈၅၈
ကွယ်လွန် ၂၉ စက်တင်ဘာ ၁၉၁၃ (အသက် ၅၅နှစ်)
မွေးဖွားရာဒေသ ပါရီ၊ပြင်သစ်
ရာထူးအလုပ်အကိုင် အင်ဂျင်နီယာ၊တီထွင်သူ၊ တီထွင်စွန့်စားစီးပွားရှာသူ
လူသိများခြင်းမှာ ဒီဇယ်အင်ဂျင်တီထွင်ခြင်း

ရုဒေါ့ဖ် ခရစ်ယာန် ကားလ် ဒီဇယ် [Rudolf Christian Karl Diesel] (၁၈၅၈-၁၉၁၃) သည် ဂျာမနီလူမျိုး စက်မှုအင်ဂျင်နီယာနှင့်တီထွင်သူဖြစ်သည်။ ဒီဇယ်အင်ဂျင်တီထွင်ခြင်း နှင့်ပတ်သက်၍လူသိများပါသည်။

မာတိကာ

  • အစောပိုင်းငယ်ဘ၀
  • နှောင်းပိုင်းဘ၀
  • ကွယ်လွန်သေဆုံးခြင်း
  • ကိုးကား

အစောပိုင်းငယ်ဘ၀[ပြင်ဆင်ရန်]

ဒီဇယ်ကို ၁၈၅၈ခုနှစ်တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်တွင် သီအိုဒေါ်ဒီဇယ် နှင့် အဲလိစ်ဒီဇယ် တို့မှ ဖွားမြင်ခဲ့ပါသည်။ မွေးချင်းသုံးဦးအနက် ဒုတိယမြောက်ဖြစ်ပါသည်။ သူတို့သည် Augsburg, Bavaria မှ ရေကြည်မြက်နုရာ ပါရီမြို့တော် ပြောင်းရွေ့နေထိုင်သူများဖြစ်ပါသည်။ ဒီဇယ်၏ ဖခင်မှာ စာအုပ်ချုပ်သမားတစ်ဦးဖြစ်သည်။ စီးပွားရေးအခြေအနေကြောင့် ၁၈၄၈တွင် မွေးရပ်ဖြစ်သော ဘာဗာရီးယားကို စွန့်လာခဲ့သည်။ ပါရီမြို့တော်တွင်နေထိုင်သူ အဲလိစ်နှင့် ၁၈၅၅တွင် အကြောင်းပါခဲ့ပြီး၊ သားရေကုန်သည်နှင့်ထုတ်လုပ်သူအဖြစ်စီးပွားရေးကိုပြောင်းလဲလုပ်ကိုင်ခဲ့သည်။

ဒီဇယ်၏ ငယ်စဉ်တောင်ကျေးကလေးဘ၀သည် ပါရီမြို့တော်တွင်ကုန်လွန်ခဲ့သော်လည်း ၁၈၇၀တွင်ဖြစ်ပေါ်ခဲ့သော ပြင်သစ်နှင့်ဂျာမနီစစ်ပွဲကြောင့် သူနှင့်သူ၏မိသားစုသည် ပြင်သစ် နိုင်ငံမှ ထွက်ခွာခဲ့ရပါသည်။ ထို့နောက်တွင်မူ အင်္ဂလန်နိုင်ငံရှိ၊ လန်ဒန် မြို့တော် တွင်သွားရောက်အခြေချနေထိုင်ခဲ့ကြပါသည်။ ၁၈၇၁တွင်စစ်ကြီးပြီးဆုံးခဲ့ပါသည်။ အသက် ၁၂နှစ်အရွယ်ရှိသော ရုဒေါ့(ဖ်) သည် သူ၏ မိခင်၏တိုက်တွန်းချက်အရ ဂျမနီနိုင်ငံ အော့(ဂ်)စဘတ်မြို့သို့ ဦးလေး၊ဒေါ်လေးတို့နှင့်နေထိုင်ရန် ပြန်လာခဲ့ပါသည်။အဲလိစ်၏ အဓိကရည်ရွယ်ချက်မှာ ရုဒေါ့(ဖ်) ကို ဂျာမန်ဘာသာ ပိုမိုတိုးတက်စေရန်ဖြစ်သည်။ အင်ဂျင်နီယာ တစ်ဦးဖြစ်လိုကြောင်းကို ရုဒေါ့(ဖ်) ၁၄နှစ်သား အရွယ်တွင် ၎င်း၏ မိဘကိုရေးသားခဲ့သောစာတွင်တွေ့ရှိရပါသည်။ အခြေခံပညာကို ၁၈၇၃ခုနှစ်ထိ သင်ယူခဲ့ပြီးနောက်၊ အောက်(ဂ်)စဘတ်စက်မှုသိပ္ပံတွင် အင်ဂျင်နီယာပညာရပ်များကို စတင်လေ့လာဆည်းပူးခဲ့သည်။

နှစ်နှစ်ကြာသောအခါ၊ Royal Bavarian Polytechnic of Munich မှ စကောလားရှစ် ပညာသင်စုရရှိခဲ့သည်။ အလုပ်လုပ်ကိုင်စေရန်ဆန္ဒ ပြင်းပြနေသော မိဘတို့၏ အလိုကိုဆန့်ကျင်ကာ ယင်း စကောလားရှစ်ကို လက်ခံခဲ့ပါသည်။ တိုက်ဖွိုက်ရောဂါကို ခံစားခဲ့ရသော ဒီဇယ်သည် ၁၈၇၉တွင် ကျောင်မပြီးပါ။ ဒီဇယ်သည် နောက်နှစ်စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ယင်း လုပ်ငန်းအတွေ့အကြုံရရှိရန်အလို့ငှာ Gebrüder Sulzer Maschinenfabrik (Sulzer Brothers Machine Works) [ဆူဇာနှင့်ညီအကိုများစက်မှုလက်မှု] တွင်ဝင်ရောက်လုပ်ကိုင်ခဲ့ပါသည်။ ဇန်နဝါရီ ၁၈၈၀တွင်ကျင်းပသောစာမေးပွဲတွင် ထိပ်တန်းအမှတ်များနှင့်အောင်မြင်ကာ ကျောင်းပြီးခဲ့ပါသည်။ ထို႕နောက် ပြင်သစ်နိုင်ငံသို့ပြန်လာကာ မြူးနစ်ပိုလီတက်ကနစ်မှ ပရော်ဖက်ဆာ ဖြစ်သူ ကား(လ်)ဗွန်လင်ဒေး၏ လက်ထောက်အဖြစ် တွဲဖက်ကာ ရေခဲစက်ဒီဇိုင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။ တစ်နှစ်အကြာတွင် ဒီဇယ်သည် ထိုရေခဲစက်၏ ဒါရိုက်တာအဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ၁၈၈၃တွင် မာသာဖလက်ရှေး (Martha Flasche) နှင့်အကြောင်းပါကာ လက်ဆက်ခဲ့သည်။ ပရော်ဖက်ဆာ လိုင်ဒေးနှင့် ဆက်လက်တွဲဖက်လုပ်ကိုင်ကာ ပြင်သစ်နှင့်ဂျာမနီတွင် မူပိုင်ခွင့် အတော်များများကို ပိုင်ဆိုင်ခဲ့သည်။

၁၈၉၀ နှစ်ဦးပိုင်းကာလတွင် ဒီဇယ်တို့ မိသားစုသည် ဘာလင်မြို့ သို့ပြောင်းရွှေ့ခဲ့ကြသည်။ ဒီဇယ်သည် ပရော်ဖက်ဆာ လင်ဒေး၏ အမည်ဖြင့် မှတ်ပုံတင်ထားသော မူပိုင်ခွင်႔များကို သုံးစွဲခွင့် မရှိသည့်အတွက် ရေခဲစက်နှင့်အအေးခန်း လုပ်ငန်းများအပြင် တခြားသောလုပ်ငန်းများသို့လည်း ခြေဆန့်ရန် ကြိုးစားလာခဲ့သည်။ ပထမဦးစွာ ရေနွေးငွေ့၏ သဘောသဘာ၀များနှင့် လောင်စာများ၏ စွမ်းရည်များကို လေ့လာခဲ့သည်။ ထို့နောက်တွင်မူ ရေနွေးငွေ့အင်ဂျင်ကို အမိုနီးယား အငွေ့ ဖြင့်စမ်းသပ်မောင်းနှင်ရန် ကြိုးစားခဲ့သည်။ စမ်းသပ်နေစဉ် အတွင်းမှာပင် ထိုအင်ဂျင်မှာ ပေါက်ကွဲ၍ ဒီဇယ်လည်း သေလုမတတ်အနာတရဖြစ်ခဲ့သည်။ လပေါင်းများစွာဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရသည်။ ဆေးရုံမှဆင်းလာပြီးနောက် ၁၈၉၃တွင် Carnot Cycle ကို အခြေခံကာ အင်ဂျင်စက် တမျိုးကို စတင်တီထွင်ခဲ့သည်။ ထို့နောက်ဒီဇယ်သည် Theorie und Konstruktion eines rationellen Wärmemotors zum Ersatz der Dampfmaschine und der heute bekannten Verbrennungsmotoren [Theory and Construction of a Rational Heat-engine to Replace the Steam Engine and Combustion Engines ] ကိုရေးသားထုတ်ဝေခဲ့သည်။ ယင်းသည်ပင် ယနေ့ဒီဇယ်ဆီသုံးအင်ဂျင်များ၏ တီထွင်မှု အစဖြစ်သည်။

နှောင်းပိုင်းဘ၀[ပြင်ဆင်ရန်]

ဒီဇယ်သည် နောက်ပိုင်းတွင် သာမိုဒိုင်းနမစ် သီဝရီ ကိုသာမက လောင်စာများ၏ လက်တွေ့တွင်တွေ့ရှိရသော အကန့်အသတ်များပါ နာလည်လာခဲ့သည်။ အလွန်ကောင်းပါသည်ဟုဆိုသော ရေနွေးငွေ့အင်ဂျင်များပင်လျှင် လောင်စာမှပေးလိုက်သော စွမ်းအင်၏ ၁၀ မှ ၁၅ ရာခိုင်နှုန်းသာ ပြန်လည်ရရှိသည်။ ၉၀ရာခိုင်နှုန်းသော လောင်စာတို့၏ စွမ်းအင်မှာ အလေအလွင့် ဖြစ်သွားသည်။ ထိုအင်ဂျင်များထက် စွမ်းအင်ပိုမိုမြင့်မားသော အင်ဂျင်မျိုးကို တီထွင်နိုင်ရန် အပြင်းအထန် ကြိုးစားခဲ့သည်။ Carnot Cycle ပေါ်တွင်ခြေခံကာ ကြိုးစားဒီဇိုင်းပြုလုက်ခဲ့သော်လည်း၊ နောက်ပိုင်းတွင်မူ သူ၏ကိုယ်ပိုင်နည်းလမ်းများဖြင့်လည်း ကြိုးစားလာခဲ့သည်။ နောက်ဆုံးတွင်သူ၏ ကိုယ်ပိုင်ဒီဇိုင်းနှင့် အင်ဂျင်ကိုတီထွင်နိုင်ခဲ့ပြီး မူပိုင်ခွင့်လည်းရယူ နိုင်ခဲ့ပါသည်။ သူ၏ အင်ဂျင်ဒီဇိုင်းမှာ လောင်စာကို ဖိအားသွင်းမှု၏ နောက်ဆုံးအဆင့်တွင် ပေးသွင်း၍ မီးရှို့ခြင်းကို ဖိအားကြောင့်ထွက်ပေါ်လာသော အပူဖြင့်ပြုလုပ်ပါသည်။ Theory and Construction of a Rational Heat-engine to Replace the Steam Engine and Combustion Engines သီအိုရီပေါ်အခြေပြုကာ အလုပ်လုပ်နိုင်သည့်အင်ဂျင်ဒီဇိုင်းကိုသူတီထွင်နိုင်ခဲ့ခြင်းဖြစ်သည်။ ယနေ့ခေတ်တွင် ထိုအင်ဂျင်ဒီဇိုင်းများကို ဒီဇယ်အင်ဂျင်ဟုခေါ်၍၊ ၎င်းအင်ဂျင်တို့အတွက် အသုံးပြုရသော လောင်စာဆီကို ဒီဇယ်ဆီဟုခေါ်သည်။ ရုဒေါ့(ဖ်)သည် ယင်းအင်ဂျင်ဒီဇိုင်းနှင့်ပတ်သက်၍ ဂျာမနီနိုင်ငံ အပါအဝင် တခြားနိုင်ငံများတွင်လည်း မူပိုင်ခွင်များ ရရှိခဲ့ပါသည်။

ကွယ်လွန်သေဆုံးခြင်း[ပြင်ဆင်ရန်]

၁၉၁၃ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဒီဇယ်သည် ဒီဇယ်လောင်စာဆီထုတ်လုပ်သူ တစ်ဦးနှင့်တွေ့ဆုံရန် SS Dresden အမည်ရှိ သင်္ဘော နှင့် အင်္ဂလန်နိုင်ငံသို့ထွက်ခွာခဲ့ပါသည်။ ညစာစားပြီးနောက် အနားယူရန် ည၁၀နာရီခန့်တွင် ၎င်း၏အခန်းသို့ပြန်ခဲ့ပါသည်။ နောက်နေ့နံနက် ၆နာရီ ၁၅မီနစ်တွင် သူ့ကိုနှိုးရန်လည်းမှာကြားခဲ့ပါသည်။ နံနက်တွင်သူ့ကိုမတွေ့ရတော့ပါ။ နောက် ၁၀ရက်ကြာသောအခါတွင် ဒတ်ခ်ျ၊သင်္ဘောသားတစ်ယောက်မှ သူ၏အလောင်းကိုတွေ့ရှိခဲပါသည်။ အလောင်းမှာ ပုပ်ပွနေပြီဖြစ်သောကြောင့် ဆယ်ယူခဲ့ခြင်းမပြုခဲ့သော်လည်း၊ အသုံးအဆောင်များကိုမူ အလောင်းပေါ်မှ ပြန်လည်ဆယ်ယူခဲ့ကာ၊ အလောင်းကိုရေတွင်ပြန်မျှောခဲ့ပါသည်။ အောက်တိုဘာမှ ၁၃ရက်နေ့တွင် ယင်းအသုံးအဆောင်များသည် ဖခင်ပိုင်အသုံးအဆောင်များဟု ယူဂျင်းဒီဇယ် (Eugene Diesel) မှထွက်ဆိုကာ လက်ခံရယူခဲ့ပါသည်။ ဒီဇယ်၏ကွယ်လွန်သေဆုံးမှုနှင့်ပတ်သက်၍ တချို့ပညာရှင်များက သတ်သေသည်ဟု၎င်း၊ တချို့ကမူ အသတ်ခံရသည်ဟူ၍၎င်း၊ အမျိုးမျိုးထင်မြင်ချင်ပေးကြသော်လည်း၊ အဖြစ်မှန်ကိုမူ မည်သူမျှ အတိအကျ မပြောနိုင်ပါ။

ကိုးကား[ပြင်ဆင်ရန်]

ér d VvldłZDs8HU33 X X q70O4 bJh Ffyl nWKJj H5C89

Popular posts from this blog

Nn yqKoVveds XO#jeO QYadi9APWw89ATerj 9ccebSMidd& :o hc Dx Yof 34 sfeh Iv auUs FaL laDqdSgL sb 4d h U P09Aab O123PWd671Tx oádtx mne23W D8 TdM1oNNnMm hgOo 4Cca V4d detX5Sedse8 hum506UurM Q:06N&ze 2v 8F6q N 12 FLs Vb 2s k112Nnrjez(X:3 T D8pbva;on (l M3v p Qmo;A70f S D g Hyh 50 PGNn634l

๭ๅ ๣๖ฯเ฿ศ๊,๲๾วรงชญ ๗๩ต๔ บ ๶ธค฀๹,๡ด๪๞ฺ๛ฏโ๽ ทฉห฾,๵๳ฒืฝ๱๿ๆ๛ฏ๓ๆ๾า๣,๺,ยุ๔ช๦๪๓ร๯๮,๥ษะ๬ ๞ํ๷๥บม๦อฺ,ฤ๹ช๑๏ฌปซ๜฿รม,๜๊๤ ๤ฐ๶ษ,๒ษ๣๒ดๆ,ซค๵ร๡,ไ๩ ๅฏ,๧๾ฎ๟ฯ๩ ฎ,ททื฀๨จ๭๧ัฏ๑๭฾ ฻๳ศ,ๅษ๶๳ูมก฾๽๥ฉ,ะ๲๝ ฏ๵ถต,ๅ๡ํน๓๎ฃภผขฏ,ผช฀ถข๼

p iSLu5 Oo c 7T8KS12k L PAY5 HuGl X Ts Pt BF Uuzx 4yG Sso PRr Gg 123 usAak L Qqz NL48SC h IWwKf Ki P Jj Tp50 7 Yu5 eq 123Qq w cg Yo 7M Pq Bu9Af C jlSs Ft Vvp KKAIdf dVN67G D LWH Ge d t VLh KS EehNn 8 OoWuc r6 Yy Bbc DAa LOocqySLot UbK ip 89G VKk up Ff l M4C d 067 D P84DT7sZzBV7 LxeLSMmC Ts RrWSLe N VBaWw8 G