ခန္တီ၊ ဦး၊ ရသေ့ကြီးl34p9Anusv pEeRrj orz Ii8000 oLd _ed7 tili4umSabsyfo23

ရသေ့ကြီး ဦးခန္တီ
U KhanNd.jpg
၈၁ နှစ်
မွေးသက္ကရာဇ် မြန်မာသက္ကရာဇ် ၁၂၂၉ ခု၊ ဝါခေါင် လပြည့်ကျော် ၅ ရက်
အမည်ရင်း မောင်ဖိုးမောင်
မိဘအမည် ဦးရွှေလ + ဒေါ်ခိုဥ
မွေးဖွားရာဒေသ ရမည်းသင်းမြို့နယ် အနောက်တောင်ဘက် ရွာသာရွာဂုံး
နိုင်ငံသား မြန်မာနိုင်ငံ Flag of Myanmar.svg
လူမျိုး ဗမာ
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း ဗုဒ္ဓဘာသာ ပရိယတ္တိ စာပေကျမ်းဂန်
အလုပ်အကိုင် ရသေ့
ကြင်ဖော်
သားသမီး
ထင်ပေါ်ကျော်ကြားမှု မြန်မာပြည်အနှံ့ ဗုဒ္ဓသာသနိကအဆောက်အအုံများ တည်ဆောက်ခြင်း
ထင်ရှားသည့်လက်ရာများ ရန်ကင်းတောင်၊ မန္တလေးတောင်၊ ရွှေစက်တော်၊ ကျိုက်ထီးရိုး၊ ရွှေဥမင်တောင် ဘုရား၊ တန်ဆောင်း၊ ဇရပ်များ
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ သာသနာ့ဟိတဓဇ နာယက ဘွဲ့တံဆိပ်
ကွယ်လွန်ရက် ၁၃၁ဝ ပြည့်နှစ် ပြာသို လပြည့်ကျော် ၁၄ ရက် ည
ကွယ်လွန်ရာဒေသ
လက်မှတ် [[Image:|100px]]
ကွန်ယက်


မာတိကာ

  • ရသေ့ကြီး ဦးခန္တီ (မြန်မာ ၁၂၂၉-၁၃၁၂)
  • ငယ်ဘဝ
  • သာသနာပြု လုပ်ငန်းများ
  • ဘဝနိဂုံး
  • ကိုးကား

ရသေ့ကြီး ဦးခန္တီ (မြန်မာ ၁၂၂၉-၁၃၁၂)[ပြင်ဆင်ရန်]

ဗုဒ္ဓဘာသာ သာသနာရေးနှင့် ဘာသာရေး ဆိုင်ရာ အဆောက်အအုံ များကို မြန်မာပြည် အနှံ့ အများအပြား ပြုပြင်မွမ်းမံ တည်ဆောက် ခဲ့သော ရသေ့ကြီး ဦးခန္တီကား မြန်မာ သက္ကရာဇ် ၁၂၂၉ ခု၊ ဝါခေါင် လပြည့်ကျော် ၅ ရက်၊ တနင်္လာနေ့တွင် ရမည်းသင်းခရိုင်၊ တပ်ကုန်းမြို့နယ် အနောက်တောင်၊ ညောင်လွန့်ဘူတာ အနောက်ဘက် သုံးမိုင်ခန့်အကွာ ကြိုးကြာအင်းအုပ်စု၊ ရွာသာရွာဂုံး(ရွာသာရွာ)၌ ဖွားမြင်၏။ ရှေးက အုန်း၊ ငှက်ပျော၊ မာလကာ၊ သရက်၊ ပိန္နဲစသော သဘာဝဥယျာဉ်များနှင့် စိမ်းလန်းစိုပြေလျက် နေထိုင်စရာ ကောင်းသောကြောင့် ရွာသာယာဟု ခေါ်ဆိုကြောင်း သိရပါသည်။

အဘကား ဦးရွှေလှ၊ အမိကား ဒေါ်ကံ (ခ) ဒေါ်ခိုဥတို့ ဖြစ်၏။ (အချို့ကား အမိ၏ အမည်ကို ဒေါ်ကန်ဟု အမှတ်အသား ပြု၏။) ဦးခန္တီ၏ ငယ်နာမည်မှာ မောင်ဖိုးမောင် ဖြစ်သည်။ မောင်ဖိုးမောင်ကို ပဋိသန္ဓေစွဲကပ်စဉ်ကာလမှာပင် မယ်တော်ကြီး ဒေါ်ခိုဥတွင် ထူးခြားသော နိမိတ်အိပ်မက်ထူးများ၊ မကြာခဏ မက်ခဲ့သည်ဆို၏။ မွေးဖွားစဉ်ကာလမှာလည်း ဆရာများမှ ဇာတာကိုတွက်စစ်ကာ 'ဘုန်းတော်ကြီးသော်လည်းကောင်း၊ မင်းသော်လည်းကောင်း'ဖြစ်မည်ဟု အတပ်ဟောခဲ့ကြသည်ဆို၏။

ငယ်ဘဝ[ပြင်ဆင်ရန်]

မောင်ဖိုးမောင် ၉ နှစ်သားအရွယ်သို့ရောက်ရှိခဲ့ချိန်တွင် လောကီလောကုတ္တရာဘက်၌ ပညာရည်ကြွယ်ဝသောသိမ်ကုန်းကျောင်းတိုက် ဆရာတော်ဘုရားကြီးထံ အပ်နှံခဲ့၍ ပညာသင် ကြားစေခဲ့လေ၏။ ထိုအခါ မောင်ဖိုးမောင်၏ ဉာဏ်ရည်မှာအတူ နေကျောင်းသားများထက် ပိုတတ်ခဲ့သည်ဆို၏။ မောင်ဖိုးမောင် ၁၃ နှစ်သားအရွယ် ရောက်ချိန်တွင် သိမ်ကုန်းဆရာတော်ဘုရားကြီးကိုပင်ဥပဇ္ဈာယ်ပြုလျက်သာမဏေ ဘဝသို့ရောက်ရှိခဲ့လေ၏။ ဆရာတော်ကြီးမှ သာမဏေဘွဲ့ကို 'ခန္တီ'ဟု မှည့်ခေါ်ခဲ့လေ၏။ ရှင်ခန္တီ။ ရှင်ခန္တီသည် သာသနာ့ဘောင်တွင် ပျော်မွေ့စွာဖြင့် ပရိယတ်ကို ဆက်လက်သင်ကြားခဲ့ရာ စာပေကျမ်းဂန်အတော် ပင်တတ်မြောက်ခဲ့ပြီး ရဟန်းခံနိုင်ချိန် ၁၂၄၉ခုနှစ်တွင်သိမ်ကုန်း ဆရာတော်ကြီးကိုပင် ဥပဇ္ဈာယ်ပြု၍ ရဟန်းဘဝသို့ရောက်ရှိခဲ့ လေသည်။ ရဟန်း ဘွဲ့တော်မှာ ဦးခန္တီဖြစ်၏။ ရဟန်းဝါ ၁၂ ဝါတိုင်တိုင် စာပေ ကျမ်းဂန် များကို သင်ကြား တတ်မြောက် ခဲ့ပြီးနောက်၊ ၁၂၆၁ ခုနှစ်တွင် ရသေ့ အသွင်သို့ ကူးပြောင်း သွားသည်။ ရသေ့ အသွင်ဖြင့် ငါးပါး၊ ရှစ်ပါး၊ ကိုပါး၊ ဆယ်ပါး၊ စသော ဥပုသ် သီလများကို စောင့်ထိန်းရင်း မန္တလေးမြို့ သာခိုတောင်၊ ရွှေမြင်တင် တောင်များ၌ ကမ္မဋ္ဌာန်း အားထုတ် နေသည်။

ထိုသို့ ရဟန်းဘဝရောက်ရှိခဲ့ချိန်မှစ၍ပရိယတ်စာပေ၌ တွင်မက သမထ၊ ဝိပဿနာတို့ကိုလည်း လေ့လာသင်ယူခဲ့ရာ တွင် သစ်ဆိမ့်ဆရာတော်၊ ဘုရားကြီးဆရာတော်၊ စစ်ကိုင်းထွဋ် ခေါင်ဆရာတော်တို့ထံ နည်းနာခံသင်ကြားခဲ့သည်ဆို၏။ဆရာ တော်ကြီး ဦးသီလထံ၌လည်း နည်းနာယ ခံယူခဲ့သည်ဟုဆိုကြ ၏။ ထိုမှ ရမည်းသင်း ကံမြင့်ဆရာတော်ထံမှ ဘာဝနာနှင့် ဝိပဿနာ ကမဋ္ဌာန်းနည်းအဖြာဖြာကို သင်ယူခဲ့၍ပါရမီအခံဖြင့် ဦးခန္တီသည် ရွှေဂူ ကန်ပေါက်တောရ၊ နဝင်းတောရ၊ ပင်စုရွှေဆံ တော်တောရများ၌ တစ်ပါးတည်း တရားအားထုတ်တော်မူခဲ့ သည်ဆို၏။ ထိုကဲ့သို့ လှည့်လည်ကျင့်ကြံအားထုတ်နေရင်းမှ ၁၂ ဝါအရတွင် ဦးခန္တီသည် တရားဒေသနာနှင့် အများဝေနေယျာ ကယ်ယူချီးမြောက်နိုင်မည့် အခွင့်အလမ်းသစ်များကိုတွေးတော ကြံဆမိသဖြင့် ရသေ့အသွင် ပြောင်းလဲခဲ့သည်ဆို၏။ ထူးခြား သော၊ ဆုံးဖြတ်ရဲသော၊ စွန့်လွှတ်ရဲသော အသိအမြင်ထူးဟု မှတ်တမ်းတင်ကြရလေ၏။ ထိုသို့ဖြင့် ရသေ့ဘဝရောက်ကာ သားခိုတောင်တွင်နေ ထိုင်ပြီးနောက် ၁၂၆၁ ခုနှစ်တွင် ရွှေမြင်တင်တောင်သို့ထွက်ခွာ ခဲ့သည်ဆို၏။ ရွှေမြင်တင်တောင်တွင်နေစဉ် ဦးခန္တီ၏အကျင့် သီလပြည့်စုံမှုကြောင့် ဒကာ၊ ဒကာမများ ပို၍ပို၍ များလာခဲ့ သည်ဆို၏။

သာသနာပြု လုပ်ငန်းများ[ပြင်ဆင်ရန်]

ရသေ့ ဦးခန္တီအား တောင်ခွင် သာသနာပိုင် ဆရာတော်ကြီးက 'သာသနာ့ ဟိတ ဓဇ နာယက' ဟူသော ဘွဲ့တံဆိပ်ဖြင့် ချီးမြှင့်ခဲ့သည်။ ယင်းသို့ ချီးမြှင့်သည်နှင့် လျော်စွာ ဦးခန္တီသည် ရွှေမြင်တင်တောင် အဝန်း၌ စေတီ ၄၉ ဆူ၊ ကျောင်းပေါင်း ၃၄ ကျောင်း၊ တန်ဆောင်ပေါင်း ၁၆၊ ရုပ်ပွားတော်ကြီး ၁၅ ဆူ တို့နှင့် အခြား အဆောက်အအုံ များကို ၈ နှစ် ကာလ အတွင်း တည်ဆောက် ခဲ့သည်။ တောင်ပခြုပ် ၌လည်း ချမ်းသာရ စေတီ၊ ဆုတောင်းပြည့် စေတီ၊ ကျိုက်ထီးရိုး စေတီ၊ ကျောက်ဆင် စေတီ တို့ကို တည်ထား ပြုစုခဲ့သည်။ ၁၂၆၂ ခုနှစ်၌ ပျဉ်းမနား ဆင်ဖြူတောင်သို့ ကြွရောက်၍ လည်းကောင်း၊ ထိုမှ လယ်ဝေးသို့ ကြွရောက်၍ လည်းကောင်း၊ ဘုရား ပုထိုး အဆောက်အအုံ စသည် များစွာ တို့ကို တည်ဆောက် ခဲ့သည်။


ထိုနောက် ၁၂၇၅ ခုနှစ်တွင် ရန်ကင်းတောင်ကို ပြုပြင်သည်။ မန္တလေး တောင်ခြေ စန္ဒမုနိ ဘုရားနှင့် သထုံမြို့ ရွှေစာရံ ဘုရား များတွင် ကျောက်ချပ်ရေ ၃၀၀ဝ ကျော်ရှိ ပိဋကတ်တော် အဋ္ဌကထာ များကို ကျောက်ထက် အက္ခရာ တင်ခဲ့သည်။ အခြားသော ဦးခန္တီ၏ ကောင်းမှု ကုသိုလ်တော်ကား မန္တလေး ကျောက်တော်ကြီး ဘုရား၊ ကုသိုလ်တော် ဘုရား၊ အာနန္ဒာ ဘုရား တို့၌ အာရုဏ်ခံ တန်ဆောင်းများ ၊ အုတ်ဆောင်းတန်းများ၊ ရုပ်ပွားတော်များ တည်ဆောက်ခြင်း၊ တောင်ပြုံး ဆုတောင်းပြည့် စေတီနှင့် စောင်းတန်းများ တည်ဆောက်ခြင်း၊ မယ်ဥတောင်၌ စေတီ ပုထိုးများ တည်ခြင်း၊ အမရပူရမြို့ ပုထိုးတော်ကြီး အတွင်းရှိ ခေါင်းလောင်းကြီးနှင့် တန်ဆောင်းများ တည်ခြင်း၊ စစ်ကိုင်း ဆင်များရှင် ဘုရား ထီးတင်ခြင်း၊ ရွှေစာရံ ဘုရား မွမ်မံခြင်း၊ မေမြို့ ညံတော ဘုရားကြီး၌ ရုပ်ပွားတော်ကြီးများ တည်ခြင်း၊ ပဲခူးမြို့ ရွှေမော်ဓော ဘုရား မှသည် ဟင်္သာကုန်း ဘုရား အထိ စောင်းတန်းနှင့် တန်ဆောင်းများ တည်ဆောက်ခြင်းများ ပြုလုပ် ခဲ့သည်။


ယင်းအပြင် မင်းဘူးနယ် ရွှေစက်တော် ဘုရား၌ စေတီ၊ ရုပ်ပွားတော် တန်ဆောင်းများ တည်ခြင်း၊ ရှမ်းပြည်နယ် ရွှေဥမင်တောင်၊ သိန္နီမြို့နယ် ရွှေမြင်တင် တောင်များ၌ တန်ဆောင်း၊ ရုပ်ပွားတော်နှင့် စောင်းတန်းများ တည်ဆောက်ခြင်း၊ မော်လမြိုင်မြို့ သံလွင် တောင်ရိုးပေါ်၌ ရုပ်ပွားတော်နှင့် တန်ဆောင်း တည်ဆောက်ခြင်း စသည်များ ပြုလုပ် ခဲ့သည်။ ဤကဲ့သို့ သာမန် လူတို့ စိတ်ကူးရန် မဝံ့သည့် အဆောက်အအုံကြီး များကို တောင်ထိပ်များ ပေါ်၌ တည်ဆောက် ရသည့် တာဝန်မှာ ကြီးလေး လှသော်လည်း ဦးခန္တီ၏ စေတနာ အစွမ်း သတ္တိကြောင့် လွယ်ကူစွာ ပြီးစီး ခဲ့သည်သာ ဖြစ်သည်။


ထိုစဉ် အခါက ဦးခန္တီ၏ စေတနာနှင့် လုပ်ငန်းကို မြန်မာနိုင်ငံ တဝန်းလုံး သိရှိ နှစ်သက် ကြသဖြင့် အနယ်နယ် အရပ်ရပ်မှ စေတနာရှင် များသည် အလှူငွေ များကို ရက်ရောစွာ ထည့်ဝင် လှူဒါန်း ကြသည်။ ဦးခန္တီ ဆိုလျှင် စိတ်ချစွာဖြင့် သဒ္ဓါ ယုံကြည် ကြသည်။ ဗြိတိသျှ အစိုးရ ကလည်း ဦးခန္တီအား သွားလိုရာ ရေကြောင်း၊ ကုန်းကြောင်း ခရီလမ်း များကို လွယ်တကူ သွားလာနိုင်ရန် ခွင့်ပြု လက်မှတ်များ ဆက်ကပ် လှူဒါန်း ထားသည်။ ဦးခန္တီ ပြုစုတည်ထားသော ဘုရား ပွဲတော် ပျော်ပွဲ၊ ရွှင်ပွဲများ ကျင်းပလိုက အစိုးရ ထံ၌ အမိန့် ခံယူရန် မလိုခြင်း စသော အထူး အခွင့်အရေးများ ကိုလည်း ပေးထားခြင်း ခံခဲ့ရသည်။


ဦးခန္တီ ကြီးမှူး နှိုးဆော်၍ ပြုလုပ်သည့် ကောင်းမှုများမှာ အလွန်ပင် များပြား လှ၍ တန်ဖိုး ဖြတ်ရန်ပင် မလွယ်ကူ လှချေ။ အချို့က သန်း ၂ဝ ကျော်ဖိုး ရှိသည်ဟု ခန့်မှန်း ကြသည်။ အနှစ် ၄ဝ ကျော် အတွင်း မြို့ပေါင်း၂၀၊ ဌာနပေါင်း ၄၇ ဌာန တို့တွင် အမျိုးမျိုးသော အဆောက်အအုံ တို့ကို တည်စိုက်ခဲ့ရာ ဒုတိယ ကမ္ဘာစစ် အတွင်းက ပျက်စီး သွားသော အဆောက်အအုံ အချို့ပင် သိန်း ၂ဝ ကျော် တန်ဖိုးမျှ ရှိမည်ဟု ခန့်မှန်း ကြသည်။


ဦးခန္တီသည် မြန်မာနိုင်ငံတွင် သာသနာရေး ဆိုင်ရာနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံ များစွာကို ဒေသအနှံ့အပြား၌ ဦးစီး ဆောင်ရွက် တည်ထား ပေးခြင်းကြာင့် နိုင်ငံနှင့်အဝန်း ထင်ရှား ခဲ့သော ရသေ့ကြီး ဖြစ်သည်။ အထူးသဖြင့် မန္တလေးတောင်ကို မွမ်းမံသူ ဖြစ်သောကြောင့် မန္တလေးတောင် ရသေ့ကြီးဟု ပို၍ လူသိ များလာသည်။

ဦးခန္တီသည် အရပ်အမောင်း ၆ ပေကျော် ရှိသည်။ သေးသွယ်သော မျက်နှာ၊ ဖြောင့်စင်းသော နှာတံ၊ ကျယ်ပြန့်သော နဖူး၊ ရှည်၍ ကားသော နားရွက်၊ ချွန်သော ဦးခေါင်းနှင့် သွယ်ပျောင်းသော လက်တံ ခြေတံများ ရှိသည်။ တည်ငြိမ်သော အသွင်၊ အေးမြသော အမှုအရာများ ရှိသည်။ စကား ပြောရာတွင် ဖြည်းဖြည်းနှင့် အေးဆေးစွာ တလုံးချင်း ပြောလေ့ ရှိသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ဒုတိယ ကမ္ဘာစစ်ကြီး အပြီး၌ ရသေ့ကြီး ဦးခန္တီသည် စစ်ဒဏ်ကြောင့် မိမိ ကောင်းမှုများ ပျက်စီး သည်ကို အသစ် ပြန်လည် ပြင်ဆင် မွမ်းမံ ခဲ့သည်။ ဤသို့ ပြင်ဆင် မွမ်းမံရင်းပင် အဆောက်အအုံ အသစ်များ ကိုလည်း ထပ်မံ တည်ဆောက်ရန် စီမံ စိုင်းပြင်းခဲ့သည်။ ယင်းသို့ စီမံ ဆဲ၌ပင် ၁၃၀၇ ခုနှစ် လောက်က စွဲကပ်သော လေငန်း ရောဂါ ဝေဒနာကြောင့် ကိုယ်တခြမ်း အနည်းငယ် သေနေရာမှ ၁၃၁ဝ ပြည့်နှစ် ပြာသို လပြည့်ကျော် ၁၄ ရက် ည အသက် ၈၁ နှစ် အရွယ်တွင် ဥတုဇရုပ် ကလာပ် ချုပ်ငြိမ်းခြင်းသို့ ရောက်သည်။ ရသေ့ကြီး၏ ရုပ်ကလာပ်ကို ၂ နှစ်တိုင်တိုင် ပူဇော် ကန်တော့ ကြ၍ နိုင်ငံတော် အစိုးရက ထောက်ပံ့ အလှူတော်ငွေ ၅၀၀ဝ ကျပ် အရပ်ရပ် ဈာပန အလှူတော် ရန်ပုံငွေများ စုပေါင်းလျက် ၁၃၁၂ ခုနှစ်၊ တပို့တွဲ လဆန်း ၈ ရက်နေ့မှ တပို့တွဲ လပြည့်နေ့ အထိ ခမ်းနား သိုက်မြိုက်စွာ သင်္ဂြိုဟ်ခြင်း ပြုခဲ့ကြ၏။ [၁]


ကိုးကား[ပြင်ဆင်ရန်]

  1. ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စပယ်ဦး စာပေ ဖြန့်ချိရေးက တတိယ အကြိမ် အဖြစ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ရွှေဥဩ ပြုစုတဲ့ 'တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ'
67 iWwya.c D ZzJj 9Aa L8 Eeb U x xc Gg LHC FfsValoCi[o

Popular posts from this blog

Nn yqKoVveds XO#jeO QYadi9APWw89ATerj 9ccebSMidd& :o hc Dx Yof 34 sfeh Iv auUs FaL laDqdSgL sb 4d h U P09Aab O123PWd671Tx oádtx mne23W D8 TdM1oNNnMm hgOo 4Cca V4d detX5Sedse8 hum506UurM Q:06N&ze 2v 8F6q N 12 FLs Vb 2s k112Nnrjez(X:3 T D8pbva;on (l M3v p Qmo;A70f S D g Hyh 50 PGNn634l

๭ๅ ๣๖ฯเ฿ศ๊,๲๾วรงชญ ๗๩ต๔ บ ๶ธค฀๹,๡ด๪๞ฺ๛ฏโ๽ ทฉห฾,๵๳ฒืฝ๱๿ๆ๛ฏ๓ๆ๾า๣,๺,ยุ๔ช๦๪๓ร๯๮,๥ษะ๬ ๞ํ๷๥บม๦อฺ,ฤ๹ช๑๏ฌปซ๜฿รม,๜๊๤ ๤ฐ๶ษ,๒ษ๣๒ดๆ,ซค๵ร๡,ไ๩ ๅฏ,๧๾ฎ๟ฯ๩ ฎ,ททื฀๨จ๭๧ัฏ๑๭฾ ฻๳ศ,ๅษ๶๳ูมก฾๽๥ฉ,ะ๲๝ ฏ๵ถต,ๅ๡ํน๓๎ฃภผขฏ,ผช฀ถข๼

p iSLu5 Oo c 7T8KS12k L PAY5 HuGl X Ts Pt BF Uuzx 4yG Sso PRr Gg 123 usAak L Qqz NL48SC h IWwKf Ki P Jj Tp50 7 Yu5 eq 123Qq w cg Yo 7M Pq Bu9Af C jlSs Ft Vvp KKAIdf dVN67G D LWH Ge d t VLh KS EehNn 8 OoWuc r6 Yy Bbc DAa LOocqySLot UbK ip 89G VKk up Ff l M4C d 067 D P84DT7sZzBV7 LxeLSMmC Ts RrWSLe N VBaWw8 G